ကျွန်တော့်ရင်ထဲက အသက်ထပ်တူချစ်ရတဲ့သူ
သူ့ အတွက် ကျွန်တော့်ရဲ့ဘ၀နဲ့ အရာရာကိုရင်ဆိုင်ရဲတယ်။
သူ့ အတွက် အရာရာကို စွန့်လွှတ်ရဲတယ်။
ကျွန်တော့်ရဲ့ ခံစားချက်တွေအားလုံး
သူ့ ဘ၀ထဲမှာ အပြီးတိုင်ထည့်သိမ်းထားမယ်။
သူ ယုံကြည်ဖို့အတွက် တစ်သက်တာ
ပေးဆပ်မှုတွေနဲ့ ရှင်သန်ရင်း
နေ့စဉ်နေ့တိုင်း သူ အသက်ရှုနေသံလေး
စီးဆင်းလည်ပတ်နေတယ်ဆိုတဲ့ အသိလေးနဲ့တင်
ကျွန်တော့်မှာ ကျေနပ်နေရ
သူ့ အသက်ရှုသံလေး
ကျွန်တော့်ရင်မှာ လှုပ်ခတ်နေတယ်ဆိုတဲ့ အသိလေးနဲ့တင်
ကျွန်တော့်မှာ ကျေနပ်နေရ
အချိန်တိုင်း အချိန်တိုင်း
သူ့ အသက်ရှုသံလေး
ကျွန်တော့်နောက်မှာ ကပ်ပါနေတယ်ဆိုတဲ့ အသိလေးနဲ့တင်
ကျွန်တော့်မှာ ကျေနပ်နေရ
ဒီတစ်သက် ဒီကမ္ဘာ ဒီခန္ဓာမှာ
သူ့ အသက်ရှုသံလေးတွေ ရင်နဲ့အမျှ လွှမ်းမိုးနေရ
ဒီဘ၀ ဒီအမျှ ဒီခဏမှာ
ကျွန်တော့်ရင်က ခံစားချက်တွေအားလုံး
သူ့ အတွက်ဖြစ်တည်နေတယ်ဆိုတဲ့ အသိလေးနဲ့တင်
ကျွန်တော့်မှာ ကျေနပ်နေရ
ခုတွေ့နေရ
ခုမြင်နေရ
သူ့ မျက်ဝန်းလေးတွေ ငေးကြည့်နေရ
သူ့ အသက်ရှုသံလေးတွေ ငေးကြည့်နေရ
ကျွန်တော့်ရင်ထဲက သံစဉ်လေးတွေ
သူ့ ကြောင့် လှုပ်ခတ်နေရ
သူ့ ရင်ငွေ့လေးတွေ ခိုလှုံနေရ
သူ့ အသက်ငွေ့လေးတွေ ခိုးခိုးပြီး နမ်းရှိုက်နေရ
သူ့ အသံလေးတွေရင်ထဲမှာ ပျံ့လွှင့်နေရ
တိမ်းညွတ်ယစ်မူးနေတဲ့ ခံစားမှုနောက်
ကျွန်တော့်မှာ ကျေနပ်နေရ
နှလုံးသားတစ်ခု အသာအယာဖြန့်ကျက်ရင်း
ကျွန်တော့်မှာ ကျေနပ်နေရ
ရင်ခွင်စစ်မှာ မိန်းမောနေရ
အမှတ်တရတွေ တစ်ခုတ်တရသိမ်းထုပ်ရင်း
ကျွန်တော့်မှာ ကျေနပ်နေရ
ငါဟာ အရာရာအားလုံးနဲ့ထာဝရ
ကျေနပ်နေရ၊ ကျေနပ်နေရ၊ ကျေနပ်နေရ၊ ကျေနပ်နေရ
နောက်ဆုံးတော့...
အိပ်မက်တွေထဲ ခုန်ဆင်းရင်း
ရင်ခွင်စစ်စစ် ရင်ခွင်ထက်မှာ
နှလုံးသားကဗျာရဲ့ ကာရန်သစ်တွေနဲ့
တေးထပ် အလင်္ကာသံစဉ်ချိုတွေ
လက်မှတ်ရေးထိုးခဲ့ကြတယ်...။
လွမ်းပိုင်ရှင်